မန္တလေး ၁၄ ဇန်နဝါရီ
အဆင့်မြင့်ဈေးချိုတော်မြေညီထပ်အတွင်းရှိ အမျိုးသား၊ အမျိုးသမီးသန့်စင်ခန်းများကို ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြင်ဆင်၍ အဆင့်မြှင့်တင်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက ဈေးအကျိုးတော်ဆောင်ရုံးခန်းတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်မြင့်မြင့်သန်း၊ ဈေးနှင့်သာသတ် ဌာနဌာနမှူး၊ ဒုတိယဌာနမှူး၊ အင်ဂျင်နီယာဌာနစိတ်မှ တာဝန်ရှိသူများ၊ DRACO Engineering Co,Ltd မှတာဝန်ရှိသူများ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ဈေးချိုတော်မြေညီထပ်အမျိုးသား၊ အမျိုးသမီး(၄)ခန်းအနက်တောင်ဘက်ခြမ်း အတွဲကို(၃)လအတွင်း အပြီးပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)