ပုသိမ် မေ ၁၀
၂၀၂၆ ခုနှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း(ချောင်းသာ)နှင့် ဧကာဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်) စခန်းသိမ်းမီးပုံပွဲ အခမ်းအနားကို ယမန်နေ့ညပိုင်းက အဆိုပါ စခန်းများတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့်ဇနီး၊ ပုသိမ်မြို့ရှိ နယ်မြေခံလေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိသူနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ လူရည်ချွန် မောင်/မယ်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆင့်မြင့်ပညာအဆင့် လူရည်ချွန် စခန်း(ချောင်းသာ)၌ အမှာစကားပြောကြားပြီး လူရည်ချွန်မောင်မယ်များ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဧကာဒသမတန်းလူရည်ချွန် စခန်း(ငွေဆောင်) စခန်းအောင်ပွဲသို့ တက်ရောက်ပြီး အမှာစကားပြောကြားကာ လူရည်ချွန် မောင်မယ်များနှင့် ညစာအတူတကွ သုံးဆောင်ကြသည်။
ပါဝင်ဆင်နွှဲ
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ်းခြေမီးပုံပွဲအား မီးညှိ ဖွင့်လှစ်ပေးပြီး လူရည်ချွန်မောင်မယ်များနှင့် အတူ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


