အဆုတ်ကင်ဆာအတွက် ကောင်းမွန်တဲ့ဗီတာမင်ဓာတ်များ

ရေးသားသူ Dr. K Zin Thwe

ဆေးပညာဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar.

ကင်ဆာကို သဘာဝအတိုင်း တိုက်ထုတ်အနိုင်ယူဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကင်ဆာမဖြစ်အောင်ကာကွယ်ရန် နေထိုင်မှုပုံစံပြောင်းလဲဖို့ပဲဖြစ်ပါတယ်။ ကင်ဆာကုသမှု အစီအစဉ်မှာ ကျန်းမာပြီး အာဟာရပြည့်ဝသော အစားအသောက်သည် မရှိမဖြစ်အစိတ်အပိုင်း တစ်ခုဖြစ်သည်။

 

ကင်ဆာမှကာကွယ်ပေးနိုင်သော အဓိကဗီတာမင်ငါးမျိုးကို ဤဆောင်းပါးတွင် ဖြော်ပလိုက်ပါတယ်။

 

ဘီတာကယ်ရိုတင်း

၎င်းသည် ဗီတာမင်အေ ရှေ့ပြေးဓါတ်ပစ္စည်းတစ်မျိုးဖြစ်ပြီး လိမ္မော်သီးနှင့် အစိမ်းရောင် ဟင်းရွက်များ (မုန်လာဥ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ကိုက်လန်၊ အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ)တွင် တွေ့ရသည်။ ၎င်းသည် အဆုတ်ကင်ဆာနှင့် ဆက်နွယ်နေသော ဓါတ်ပစ္စည်းများ၏ အန္တရာယ်မှ အဆုတ်ကိုကာကွယ်နိုင်သော ထူးခြားသည့် အာဟာရဓါတ် တစ်မျိုးဖြစ်ကြောင်း လေ့လာမှုများအရ တွေ့ရှိရသည်။

 

နောက်ထပ်တွေ့ရှိရသော လေ့လာမှုတစ်ခုအရ ဘီတာကယ်ရိုတင်းကြွယ်ဝသော အစိမ်းရောင် နှင့် အဝါရောင်ဟင်းသီးဟင်းရွက်များကို နေ့စဉ်စားသုံးသော ယခင်ကဆေးလိပ်သောက်ဖူး သူများသည် အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေ အန္တရာယ်လျော့နည်း ကြောင်းသိရသည်။

 

ဗီတာမင် ဘီ ၆

ဗီတာမင်ဘီ ၆ သည် ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းဖို့ မရှိမဖြစ်လိုအပ်ပြီး လေထုညစ်ညမ်းမှုနဲ့ ရောဂါပိုးမွှားများမှ အဆုတ်လမ်းကြောင်းကို ကာကွယ်ဖို့ ကူညီပေးပါသည်။ ဗီတာမင်ဘီ ၆ ကို မုန်လာဥ၊ ပန်းသီး၊ အသည်း၊ ငှက်ပျောသီး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ကန်စွန်းဥများတွင် တွေ့ရပါသည်။ ဗီတာမင်ဘီ ၆ ကြွယ်ဝသော အစားအသောက်များကို စားသုံးခြင်းသည် ခန္ဓာကိုယ်မှ အဆုတ်ကင်ဆာကို တိုက်ထုတ်ဖို့ ကူညီပေးပါသည်။

 

ဗီတာမင် စီ 

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများသည် အဆုတ်ကင်ဆာကို တိုက်ထုတ်ဖို့ ကူညီပေးပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါသည်။ ပြည်သူ့ကင်ဆာတက္ကသိုလ်အဆိုအရ ဓါတုပစ္စည်း၊ ပိုးမွှေးခြင်း၊ တိရိစ္ဆာန်များလေ့လာမှုမှ ဓါတ်ခွဲခန်းသက်သေ အထောက်အထားများအရ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများသည် ကင်ဆာဖြစ်ပွားမှုကို နှေးစေသည် (သို့) ကာကွယ်ကောင်း ကာကွယ်စေနိုင်သည်။

 

ဗီတာမင်စီကို ဓါတ်တိုးဆန့်ကျင်ပစ္စည်း အဖြစ် ယူဆလို့ရပါသည်။ ဗီတာမင်စီကြွယ်ဝသော အစားအသောက်များတွင် ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ ရှောက်သီး၊ သံပရာသီးများ၊ ငရုတ်ပွ၊ သခွားမွှေးတို့ ပါဝင်ပါသည်။ ဗီတာမင်စီသည် အားဆေးဖော်မြူလာများတွင်လည်း ပါဝင်ပါသည်။

 

ဗီတာမင် အီး

အူလမ်းကြောင်းကင်ဆာကို ကာကွယ်သည့်အပြင် ဗီတာမင်အီးသည် အစွမ်းထက်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး အိုဇုန်းနှင့် လေထုညစ်ညမ်းစေသော ပစ္စည်းများ၏ အဆုတ်ဆဲလ်အပေါ် ထိခိုက်ပျက်စီးစေမှုများကို လျော့ကျစေပါသည်။ ဥများ၊ အာဟာရပြည့်ဝသော ဂျုံ၊ အသည်း၊ ဟင်းရွက်ဆီအကြမ်း၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များတွင် ဗီတာမင် အီးကို တွေ့ရပါသည်။

 

ဗီတာမင် ဒီ

ဗီတာမင် ဒီ သည် ကင်ဆာကျိတ် ကြီးထွားမှုကို ရပ်တန့်ပေးပါသည်။ ဗီတာမင်ဒီ ၏ တက်ကြွသော ပုံစံတစ်မျိုးဖြစ်သည့် Calcitriol သည် ကင်ဆာကို ဆန့်ကျင်နိ်ုင်သော အကျိုးကျေးဇူးများစွာ ရှိပါသည်။ ၎င်းသည် မကောင်းသော ဆဲလ်များကို ကိ်ုယ့်ဘာသာကို သတ်သေရန် အားပေးပါသည်။ ထို့ပြင် Calcitriol သည် ကင်ဆာကျိတ်ဆီ သွေးထောက်ပံ့ခြင်းကို တားမြစ်ပြီး ကင်ဆာဆဲလ် ပြန့်ပွားမှုကို လျော့ချပေးသည်။

 

ငါးကြီးဆီ

မယ်ရီလန်း ဆေးဝါးစင်တာ တက္ကသိုလ်အရ ငါးကြီးဆီကဲ့သို့သော အိုမီဂါ သရီးဖက်တိီး အက်ဆစ်ကို နေ့စဉ်တစ်ရက်ကို ဆေးတစ်တောင့်မှ နှစ်တောင့် (သို့) လက်ဖက်စားဇွန်း တစ်ဇွန်းခန့် တစ်ရက်ကို တစ်ကြိမ် (သို့) နှစ်ကြိမ် အသုံးပြုခြင်းသည် အဆုတ်ကင်ဆာ လူနာများတွင် ရောင်ရမ်းခြင်းဖြစ်စဉ်ကို လျော့ကျစေပြီး ကိုယ်ခံအား တိုးတက်စေပါသည်။

 

အိုမီဂါသရီး ဖက်တီး အက်ဆစ်ကို ဆယ်လ်မွန်၊ တူနာ၊ မက်ကရယ်ငါးကဲ့သို့သော ငါးများတွင် သဘာဝအလျောက်တွေ့ရှိရပါသည်။ သွေးရောဂါ လူနာများ (သို့) warfarin သွေးကျဲဆေး သောက်နေရသူများသည် အိုမီဂါသရီး သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေး သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သွေးကျဲစေနိုင်သောကြောင့် ဖြစ်ပါသည်။

 

အဆုတ်ကင်ဆာ ကုသမှုတွင် ကင်ဆာဆေးသွင်းခြင်း၊ ဓါတ်ရောင်ခြည်ကုသမှု နှင့် ခွဲစိတ်မှုတို့ ပါဝင်ပါသည်။ အဆုတ်ကင်ဆာရောဂါသည် လူနာများသည် ကုသမှုကို အနှောင့်အယှက် မဖြစ်စေရန် ဗီတာမင် ဖြည့်စွက်စာများ မသောက်သုံးခင် ကင်ဆာအထူးကုနှင့် အရင် တိုင်ပင်သင့်ပါသည်။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"