၇ စက်တင်ဘာ
အဆုတ်လို့ဆိုလိုက်တာနဲ့ အဆုတ်ကင်ဆာ။ အဆုတ်ရောင်၊ အဆုတ်ပိုးဝင်၊ ပန်းနာရင်ကြပ်၊ တီဘီ လောက်သာသိကြတဲ့များပါတယ်။ တကယ်လည်း သူတို့က နာမည်ကြီး အဆုတ်ရောဂါတွေဖြစ်ပြီး ဖြစ်တဲ့သူတွေကလည်း အများကြီးပါ။ ဒါပေမယ့် အဆုတ်ဆိုတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေ၊ ရောဂါတွေ အများကြီးပါ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။
လေပြွန်ပိုင်းဆိုင်ရာ အဆုတ်ပြဿနာတွေ ။ ။
အဆုတ်တစ်ခုရဲ့ ဖွဲ့စည်းပုံအရ trachea ( လေပြွန်) ကနေ ဖြာထွက်လာတဲ့ လေပြွန်အတက်လေး bronchi တွေမှာ ဖြစ်တဲ့ ပြဿနာတွေကို လေပြွန်ပိုင်းဆိုင်ရာ ပြဿနာတွေအဖြစ် တစ်အုပ်စုထားပါတယ်။ သူတို့တွေကတော့
Asthama (ပန်းနာရင်ကြပ် )- ဓာတ်မတည့်တာတွေနဲ့ ထိမိတာကြောင့် လေပြွန်လေးတွေ တစ်ချိန်လုံးရောင်နေပြီး အသက်ရှူကြပ်တဲ့ ပြဿနာတစ်ခုပါ။
Chronic obstructive pulmonary disease( လေပြွန်ပိတ်ဆို့ နာတာရှည်အဆုတ်ရောဂါ )- ဒါကတော့ ရှူသွင်းတဲ့နေရာမှာ ပြဿနာမရှိဘဲ ရှူထုတ်တဲ့ နေရာမှာ ပြဿနာရှိတဲ့ အဆုတ်ရောဂါတစ်မျိုးပါ။
Emphysema( လေအိတ်ပျက်စီး ရောဂါ) – လေအိတ်လေးတွေပျက်စီးပြီး ပိတ်ကုန်တာကြောင့် လေကို ပြန်ရှူထုတ်ရခက်တဲ့ ပြဿနာတစ်ခုပါ။
Chronic bronchitis ( နာတာရှည် လေပြွန်ရောင်ခြင်း) – COPD ရောဂါတစ်မျိုးဖြစ်ပြီး တစ်ချိန်လုံ သလိပ်ထချောင်းဆိုးနေတာက အဓိက ပြဿနာတစ်ခုပါ။
Acute bronchitis ( လောလောလတ်လတ် လေပြွန်ရောင်ခြင်း) – ဗိုင်းရပ်စ်ကြောင့်အဖြစ်အများဆုံဖြစ်တဲ့ အဆုတ်ပိုးဝင်ရောင်ရမ်းခြင်းပါ။
Cystic fibrosis – မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီး လေပြွန်တွေထဲက ချွဲတွေ ကောင်းကောင်းမရှင်းနိုင်တဲ့ ပြဿနာတစ်ခုပါ။ ဒီလိုနဲ့ အဆုတ်ပိုးဝင်တာတွေ ခဏခဏ ဖြစ်နေတော့မှာပါ။
လေအိတ်လေးတွေကို ထိခိုက်နိုင်တဲ့ အဆုတ်ပြဿနာတွေ ။ ။
Pneumonia( အဆုတ်ရောင်ခြင်း) ဘက်တီးရီးယားကြောင့် အဆုတ်ပိုးဝင်ပြီးလေအိတ်လေးတွေ ရောင်ရမ်းကုန်ပါတယ်။
Tuberculosis ( တီဘီရောဂါ) -Mycobacterium tuberculosis ဘက်တီးရီးယား အကောင်ကြောင့်ဖြစ်တဲ့အဆုတ်တီဘီကလည်း လေအိတ်လေးတွေကို ထိခိုက်စေတဲ့အရာတစ်ခုပါ။
Emphysema – လေအိတ်တွေပျက်စီးတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ဆေးလိပ်သောက်တဲ့သူတွေမှာ အများဆုံး တွေ့ရပါတယ်။
Pulmonary edema – အဆုတ်တွင်းရေစုတဲ့ ပြဿနာဖြစ်ပြီးလေအိတ်လေးတွေကို သွားဖိလို့ အသက်ရှူရကြပ်တဲ့ ပြဿနာတစ်ခုပါ။ နှလုံးညှစ်အားကျတဲ့ ပြဿနာ၊ အဆုတ်သွေးကြောတွေထိခိုက်တဲ့ ပြဿနာတွေက Pulmonary edema ဖြစ်ရခြင်း အကြောင်းတွေပါ။
အဆုတ်ကင်ဆာ – အဆုတ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်တဲ့ အဆုတ်ကင်ဆာက လေအိတ်လေးတွေကိုလည်းသွားထိနိုင်ပါတယ်။
Pneumoconiosis – အဆုတ်ကိုထိခိုက်နိုင်တဲ့ဓာတုပစ္စည်း၊ သတ္တုပစ္စည်းတွေ ရှူလိုက်မိရာကနေ ဖြစ်တဲ့ အဆုတ်ရောဂါ တစ်မျိုးပါ။ ကျောက်မီးသွေးမှုန့်တွေ၊ မီးသွေးမှုန့်တွေ ရှူမိတဲ့ အခါမျိုးတွေမှာပေါ့။
လေအိတ်ခြားအလွှာပါး (interstitium) လေးတွေမှာဖြစ်တဲ့ ပြဿနာတွေ
လေအိတ်လေးတွေ ကြားထဲမှာ ခြားထားတဲ့ interstitium ကိုသွားထိခိုက်တဲ့ အဆုတ်ပြဿနာတွေကတော့
Interstitial lung disease – Sarcoidosis, idiopathic pulmonary fibrosis( အဆုတ်ခဲခြင်း) ,နဲ့ autoimmune disease (ခုခံအားဆိုင်ရာ ပြဿနာ) တွေက လေအိတ်လေးတွေ ကြားထဲမှာ ခြားထားတဲ့ interstitium ကို ထိခိုက်နိုင်တဲ့ ပြဿနာတွေပါ။
Pneumonia ( အဆုတ်ရောင်ခြင်း) နဲ့ pulmonary edemas ( အဆုတ်မှာရေစုခြင်း) ကြောင့်လည်း interstitiumမှာ ထိခိုက်နိုင်ပါသေးတယ်။
အဆုတ်သွေးကြောတွေကို ထိခိုက်စေတဲ့ အဆုတ်ပြဿနာများ
အောက်ဆီဂျင် တွေ အဆုတ်ဆီ သယ်လာဖို့ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေအဆုတ်ကနေ ပြန်သယ်သွားဖို့အတွက် သွေးကြောတွေက အရေးပါတဲ့ အရာတစ်ခုပါ။ ဒီလို သွေးကြောတွေကို ထိခိုက်နိုင်တဲ့ အဆုတ်ပြဿနာတွေကတော့
Pulmonary embolism ( အဆုတ်သွေးခဲပိတ်) – ကိုယ်တွင်းတစ်နေရာက သွေးကြောမှာဖြစ်နေတဲ သွေးခဲလေးပြုတ်ထွက်သွားပြီး အဆုတ်ဆီသွားတဲ့ သွေးကြော Pulmonary artery မှာပိတ်တဲ့ပြဿနာတစ်ခုပါ။
Pulmonary hypertension – အသည်းပြဿနာတစ်စုံတစ်ရာနဲ့ သွေးကြောဆိုင်ရာ ပြဿနာတွေကြောင့် pulmonary arteries သွေးလွှတ်ကြောတွေထဲ ဖိအားတက်လာတဲ့ ပြဿနာပါ။
Pleura လို့ခေါ်တဲ့ အဆုတ်ပေါ်ဖုံးထားတဲ့ အလွှာပါးလေးကိုထိခိုက်တဲ့ ပြဿနာ။
Pleural effusion ( Pleura မှာအရည်စုခြင်း) – pleura အတွင်းမှာ ပုံမှန်ဆိုအရည်တွေရှိနေတတ်တယ်ဆိုပေမယ့် နှလုံးမညှစ်နိုင်တော့တာ၊ အဆုတ်ရောင်တဲ့ အခါမျိုးတွေမှာတော့ အရည်တွေပုံမှန်ထက်ပိုစုလာတတ်ပါတယ်။ ဒီလို အခါမျိုးမှာ အသက်ရှူရကြပ်တာ၊ ရင်ဘတ်အောင့်တာမျိုးတွေ ဖြစ်တတ်ပြီး အရည်တွေ စုပ်ထုတ်ဖို့လိုပါတယ်။
Pneumothorax – ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် ( ဥပမာ ထိုးသွင်းဓားဒဏ်ရာ) ကြောင့် အဆုတ်နဲ့ရင်ဘတ်ကြားထဲ လေဝင်သွားတဲ့ ပြဿနာပါ။
Mesothelioma – pleural မှာဖြစ်တဲ့ ရှားပါး ကင်ဆာတစ်မျိုးဖြစ်ပြီး ကျောက်မီးသွေးနဲ့ ထိတွေ့မှု များတာကြောင့် အဓိ ကဖြစ်ရတာပါ။
ရေးသားသူ - Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”