ညောင်ရွှေ ၁ ဖေဖော်ဝါရီ
အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019-n CoV) အသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီက ညောင်ရွှေမြို့ ဟူပင်ဟိုတယ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကောင်းမြတ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားသည့်နေရာ၊ ရောဂါလက္ခဏာများ၊ ရောဂါ ကူးစက်ပျံ့နှံ့ပုံနှင့် ကြိုတင်ကာကွယ်နည်း အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ကြသည်။ ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိခင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး ညောင်ရွှေမြို့နယ်အတွင်းရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ခရီးသွားလုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(နေမျိုးသူရိန်)