မိုင်းယောင်း  ၅  ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းယုမြို့တွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများကို စေတနာရှင်များက အခမဲ့ဖြန့်ဝေပေးနေကြောင်း သိရသည်။

 

ထို့ပြင် မိုင်းယု-ကျိင်းယဲန်းတံတားပေါ်တွင်  ဖြတ်သန်းလာသူများအား အဖျားစစ်ဆေးရာတွင် အသုံးပြုရန် တာဝန်ရှိသူများထံသို့ နှာခေါင်းစည်းများ လာရောက်လှူဒါန်းပေးမှုများလည်း ရှိကြောင်း သိရသည်။

 

မိုင်းယု-ကျိင်းယဲန်းတံတားတွင် နေ့စဉ်ဖြတ်သန်းသွားလာသူများကို ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် ကူးစက်မြန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရခြင်းရှိ/မရှိ တိုင်းတာခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်း၊ ကိုယ်ခံအားကောင်းအောင် နေထိုင်ပြီး လက်ဆေးခြင်းဖြင့် ရောဂါတားဆီးကာကွယ်ရေးတို့ကို တစ်ဦးချင်း ပညာပေးဆောင်ရွက်နေကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း