ကျောက်ဆည် ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပျိုးပင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းလင်းနိုင်နှင့် တာဝန်ရှိသူများက ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ပျိုးပင်များ ဖြန့်ဝေပေးခဲ့ပြီး သတ်မှတ်နေရာများတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)မှ ကျောင်းအုပ်ကြီး ဒေါက်တာမျိုးသူနှင့် ဆရာ ဆရာမများ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ကျောင်းသား ကျောင်းသူများက စုပေါင်းစိုက်ပျိုးခဲ့ကြောင်းနှင့် သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာသူများအား ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပလတ်စတစ်ညစ်ညမ်းမှုနှင့် ပတ်သတ်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပိတောက် ၃၀ ပင်၊ ငုရွှေဝါ အပင် ၃၀၊ မယ်ဇယ် ၅၅ ပင်၊ တမာ ၅၅ ပင်၊ ယင်းမာ ၅၅ ပင် စုစုပေါင်း ၂၂၅ ပင်အား ရာသီဥတုမျှတကောင်းမွန်စေရေး စိုက်ပျိုးခဲ့ကြောင်းနှင့် ခရိုင်သစ်တောဦးစီးဌာနအနေဖြင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ရေဝေရေလဲ စိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ ဂေဟဖြည့်တင်းရေး စိုက်ခင်းများ၊ သီးနှံသစ်တော ရောနှောစိုက်ခင်းများ စိုက်ပျိုးလျက်ရှိသည့်အပြင် မိုးရာသီလူထုဖြန့်ပျိုးပင် ၁ သိန်းခွဲ အပါအဝင် ယခုနှစ်မိုးရာသီတွင် ပျိုးပင် ၃ သိန်း နှစ်သောင်းကျော် ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)