၁၆  ဇွန်

 

အစိုးရသက်တမ်း လေးနှစ်ကျော်ကာလအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၉၅၀၀ ဘီလီယံကျော် ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

 

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(မေလကုန်အထိ) အစိုးရသက်တမ်း လေးနှစ်ကျော်ကာလအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၂၄ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၉၅၆၆၆၀၅ ဒဿမ ၆၈၃ ဘီလီယံအထိ ရရှိထားသည်။

 

အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ သတ္ထုတွင်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စက်မှုဇုန် တည်ဆောက်မှုကဏ္ဍ၊ လယ်ယာကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍ  ၁၂ ခုတို့ ဖြစ်သည်။

 

အဆိုပါကဏ္ဍများအနက် အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး အခြားဝန်ဆောင်မှုကဏ္ဍတွင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကာ စက်မှုကဏ္ဍတွင် တတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားသည်။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) အနေဖြင့်လည်း တင်ပြလာသည့် လုပ်ငန်းများအနက် လုပ်သားအခြေပြုလုပ်ငန်းများကို ဦးစားပေးခွင့်ပြုပေးလျှက်ရှိကြောင်း သိရသည်။

 

ငြိမ်းငြိမ်း