အစိုးရဝန်ထမ်းများ၊ ပညာရေးလုပ်သားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မဖြစ်မနေထိုးရမည်ဟု ယူကရိန်းနိုင်ငံ ကြေညာချက်ထုတ်ပြန်

စက်တင်ဘာ ၂၃

ယူကရိန်းအစိုးရသည် အစိုးရဝန်ထမ်းများနှင့် ပညာရေးလုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မဖြစ်မနေထိုးရမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ပညာရေးလုပ်ငန်းစဉ်များနှင့် အစိုးရအာဏာပိုင်များ၏ လုပ်ငန်းများ ဘေးကင်းလုံခြုံမှု  သေချာစေရန်အတွက် ခိုင်မာသောဆုံးဖြတ်ချက်တစ်ခုချမှတ်ရန် ယင်းသို့စဉ်းစားခဲ့ကြသည်ဟု ယူကရန်းကျန်းမာရေးဝန်ကြီး ဗစ်တာ လာကိုက ဆိုသည်။

ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာဝန်ထမ်းများသည် အခြားသော ဦးစားပေးထိုးနှံမှုအုပ်စုများတွင် ပါဝင်ပြီး ၈၀ ရာခိုင်နှုန်းထိုးနှံပြီး ဖြစ်ကြောင်း ထိုဝန်ကြီးက ပြောကြားသည်။

ယူကရိန်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၆၂၅၅၉ ဦး ရှိပြီး သေဆုံးသူ ၅၅၁၆၁ ဦးရှိသည်။

ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၂၃၅၆၆၈၈ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

တရားဝင်ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် ယနေ့အထိ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူ ၅ ဒသမ ၂ သန်းကျော်ရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို