၁၈ စက်တင်ဘာ
ပေါ့ဘုရင်မိုက်ကယ်ဂျက်ဆင်ရဲ့ သမီးဖြစ်သူ ပဲရစ်ဂျက်ဆင် ဟာအစ်ကိုဝမ်းကွဲနှင့် စုံတွဲခုတ်နေကြတယ်ဆိုတဲ့ ကောလဟာလကိုငြင်းဆိုလိုက်ပါတယ်။ သူနဲ့တွဲနဲ့တဲ့လူမည်းအမျိုးသားဟာ သူ့ရဲ့ချစ်သူအသစ်လို့ ပြောဆို နေကြတဲ့ပေါ် ပဲရစ်ဂျက်ဆင်ကတော့ သူ့ရဲ့အစ်ကိုဝမ်းကွဲသာဖြစ်တယ်၊ တွဲနေတာလည်းမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီလိုသတင်းအမှားတွေထွက်ပေါ်လာမှုအပေါ် ပဲရစ်က လူတွေဟာအချက်အလက်ကို တိတိကျကျမစစ်ဆေးဘဲ ဝေဖန်ကြတယ်၊ တကယ်တော့သူဟာ ကျွန်မအစ်ကိုပါလို့ အင်စထရာဂရမ်မှာ ရေးသားခဲ့ပါတယ်။ အစောပိုင်း ကာလတုန်းကလည်း ပဲရစ်ဟာ ချစ်သူဟောင်း ကာရာဒယ်လီဗင်းနဲ့ ပတ်သက်ပြီးလည်း ကောလဟာလ သတင်းတွေထွက်ခဲ့သေးပါတယ်။
People မဂ္ဂဇင်းရဲ့ အချောအလှဆုံး စာရင်းထဲမှာပါ ဝင်ခဲ့တဲ့ ပဲရစ်ဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ သူရဲ့ ပွဲဦးထွက် ဇာတ်ကားဖြစ်တဲ့ Gringo ဆိုတဲ့ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကတော့ ပဲရစ်ဟာ မီဒီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ IMG မော်ဒယ်နဲ့စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ မော်ဒယ်တစ်ဦးအဖြစ် သရုပ်ဆောင်အလုပ် လည်း လုပ်ကိုင်နိုင်တဲ့ပဲရစ်ဟာ သူ့အဖေဆီက အကပညာကိုလည်း သင်ယူနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဟောလိဝုဒ်လိုက်ဖ်