အဒဲလ်ရဲ့ တေးသီချင်းသစ် စမ်းသပ်ထုတ်လွှင့်

ကျော်ကြားတဲ့ ဗြိတိန်တေးသံရှင်တစ်ဦးဖြစ်သူ အဒဲလ်က လတ်တလောမှာ သူ့ရဲ့ တေးသီချင်းသစ် တစ်ပုဒ်အတွက် ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ပေးခဲ့ကြောင်း အေးရှားဝမ်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက် တွေအရ သိရပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ထွက်ရှိခဲ့ပြီး ဂရမ်မီဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ တေးအယ်လ်ဘမ် 25 နောက်ပိုင်း တေးသီချင်းသစ် ထုတ်လွှင့်ခဲ့ခြင်းမရှိတဲ့ အဒဲလ်ဟာ လတ်တလောမှာ သူ့ရဲ့ တွစ်တာနဲ့ အင်စတာဂရမ် စာမျက်နှာတွေပေါ်ကနေတစ်ဆင့် တေးသီချင်းသစ်တစ်ပုဒ်ကို စမ်းသပ်ထုတ်လွှင့်ခဲ့ပါတယ်။

အောက်တိုဘာ ၅ ရက်မှာ အဒဲလ်က သူ့ရဲ့ တေးအယ်လ်ဘမ် သစ်မှာ ပါဝင်မယ့် တေးသီချင်းသစ် တစ်ပုဒ်ဖြစ်တဲ့ Easy On Me ကို စမ်းသပ်ထုတ်လွှင့်ခဲ့တာပါ။

အဆိုပါ တေးသီချင်းစမ်းသပ်ထုတ်လွှင့်မှုနဲ့အတူ အဒဲလ်က အောက်တိုဘာ ၁၅ လို့ အဓိပ္ပာယ်ရတဲ့ စာသားကိုလည်း ရေးသားဖော်ပြခဲ့တာကြောင့် ယင်းတေးသီချင်းသစ်ကို လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ စတင်ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

အေးပြည့်