နေပြည်တော် ၂၄ ဇွန်
မြန်မာနိုင်ငံသည် ၂၀ဝ၇ခုနှစ်မှစတင်၍ ILO နှင့်ပူးပေါင်းကာတိုင်ကြားမှု ယန္တရား ထူထောင်ပြီး အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ၂၀၁၉ခုနှစ်မှစ၍ အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် အဓမ္မခိုင်း စေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (National Complaints Mechanism –NCM) ထူထောင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါ ယန္တရားထူထောင်ဆဲ ကြားကာလတွင် အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင် ဖွဲ့စည်းထားသော အလုပ်သမားရေးရာပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group- HLWG) မှ ကိုင်တွယ် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို ဖုန်းနံပါတ် ဝ၆၇-၃၄၃၀၁၈၄၊ ဝ၆၇-၃၄၃၀၂၂၉၊ ဝ၆၇-၃၄၃၀၂၇၄ နှင့် email လိပ်စာ [email protected], [email protected], research.org.dol.mm@ gmail.com များသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။
(သတင်းစဉ်)