အော်စကာဆုအတွက် အလားအလာပိုများလာတဲ့  Black Panther

၂၉  ဇန်နဝါရီ

 

လူစွမ်းကောင်းရုပ်ရှင်တစ်ကားဖြစ်တဲ့ Black Panther ဟာ လတ်တလောမှာ ကျင်းပခဲ့တဲ့ ဟောလိဝုဒ်ရဲ့ထင်ရှားတဲ့ အနုပညာထူးခွန်ဆုပေးပွဲတစ်ခုဖြစ်တဲ့  Screen Actors Guild Awards မှာ အဓိကထူးချွန်ဆုကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီထူးချွန်ဆုကို ထပ်မံရရှိခဲ့ပြီးနောက်မှာတော့ အဆိုပါရုပ်ရှင်ဟာ လာမယ့် အော်စကာဆုပေးပွဲမှာလည်း ထူးချွန်ဆုရရှိဖို့ရာ အလားအလာများလာခဲ့ပြီဖြစ်ကြောင်း အေးရှားဝမ်းဒေ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ယခုနှစ်ရဲ့ Screen Actors Guild Awards ဆုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့ရာမှာတော့ Black Panther ဟာ တစ်နှစ်တာရဲ့အကောင်းဆုံးရုပ်ရှင်အဖြစ် ရွေးချယ်ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဂီတရုပ်ရှင်အပိုင်းမှာတော့ အကောင်းဆုံး ရုပ်ရှင်အဖြစ် မင်းသား ဘရက်ဒလေကူးပါးလ်နှင့် မင်းသမီး လေဒီဂါဂါတို့ ခေါင်းဆောင်ပါဝင်ထားတဲ့ရုပ်ရှင် A Star is Born က ဆွတ်ခူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အေးပြည့်