အော်စကာဆုပေးပွဲမှာ အောင်ပွဲခံခဲ့တဲ့ “The Shape of Water”

၅ မတ်

 

ယခုနှစ် ဟောလီးဝုဒ် ရုပ်ရှင်ရာသီအတွက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ နှစ် (၉၀) ပြည့် အော်စကာ ဆုပေးပွဲမှာ ဒါရိုက်တာ Guillermo Del Toro ရဲ့ “The Shape of Water” ဇာတ်ကားဟာ ဆုပေါင်း လေးဆု ကို ရယူနိုင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ “The Shape of Water” ဟာ အချစ်ဇာတ်လမ်း တစ်ပုဒ်ဖြစ်ပြီး အော်စကာဆုပေးပွဲရဲ့ အကောင်းဆုံး ဇာတ်ကားဆု အပြင် အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဒီဇိုင်းဖန်တီးနိုင်မှု နှင့် အကောင်းဆုံးမူရင်းတင်ပြမှုဆု တွေကိုလည်း သိမ်းပိုက်သွားခဲ့ပါတယ်။

 

 

Guillermo Del Toro ကတော့ ပထမဆုံး ရရှိခဲ့တဲ့ ဆုနဲ့ ပတ်သက်ပြီး “ကျွန်တော် ကြိုးစားခဲ့တာ အရာဝင်သွားပါပြီ” လို့ သူရဲ့ ခံစားချက်ကို ပြောကြားခဲ့ပါတယ်။

 

“နောက် အနာဂတ်မျိုးဆက်သစ် ဒါရိုက်တာတွေကို ပြောချင်တာကတော့ ငယ်ရွယ်မှုဟာ အရာအားလုံးကို လုပ်နိုင်ပါတယ်။

 

 

အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို Frances McDormand နဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို Sam Rockwell ကလည်းကောင်း "Three Billboards Outside Ebbing, Missouri" ဇာတ်ကားကနေ ရရှိသွားပါတယ်။

 

Christopher Nolan ရဲ့ ဒုတိယကမ္ဘာစစ်ကို အခြေခံရိုက်ကူးထားတဲ့ "Dunkirk" ဇာတ်ကားကလည်း အော်စကာဆုသုံးဆု ရရှိခဲ့ပါတယ်။

 

 

အော်စကာဆုပေးပွဲဟာ စက်မှုလုပ်ငန်းများက Downfall ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကို မကျေနပ်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူအဖြစ် စွပ်စွဲခံထားရသူ Harvey Weinstein ကြောင့် ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်လို့ ဟာသ သရုပ်ဆောင် Harvey Weinstein က ပြောကြားခဲ့ပါတယ်။

 

“ကျွန်တော်တို့ ဆိုးရွားတဲ့ အမူအကျင့်တွေကို လက်မခံပါဘူး။ တစ်ကမ္ဘာလုံးက ကျွန်တော်တို့ကို စောင့်ကြည့်နေတာပါ။ ကျွန်တော်တို့က စံနမူနာအဖြစ် ရပ်တည်သင့်ပါတယ်” လို့ Harvey Weinstein ကပြောဆိုခဲ့ပါတယ်။

 

 

Frances McDormand ဟာလည်း အသက် ၂၁   နှစ်အရွယ်က "Fargo” ဇာတ်ကားမှာ ရရှိခဲ့တဲ့ အော်စကာဆုနဲ့ ယခု " Three Billboards " ဇာတ်ကားမှာ ရရှိတဲ့ ဆု အပါအဝင် အော်စကာဆု နှစ်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ “ကျွန်မတို့မှာ ပြောပြစရာ ပုံပြင်တွေရှိသလို စီမံခန့်ခွဲဖို့လည်း ငွေးကြေး လိုအပ်တာပေါ့” လို့ ပြောကြားပြီး ပရိတ်သတ်ရဲ့ လက်ခုပ်သံကို ရယူခဲ့ပါတယ်။ "Three Billboards" ဇာတ်ကားမှာပဲ Rockwell  ဟာ အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ သူကတော့ လူမျိုးရေး ခွဲခြားတတ်တဲ့ ရဲအရာရှိအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူပါ။

 

အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့တဲ့ Gary Oldman ဟာလည်း "Darkest Hour" စစ်အတွင်း ဗြိတိသျှဝန်ကြီး ဝင်စတန်ချာချီအဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

 

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ရရှိခဲ့သူ Allison Janney ကတော့ "I, Tonya" ဇာတ်ကားမှာ ပေါ့ပျက်ပျက် မိခင်အဖြစ်ကနေ အေးစက်သွေးအေးတဲ့ မိခင်တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သူမရဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအတွက်လည်း မျက်ရည်ကျခဲ့တာကို တွေ့ရပါတယ်။

 

၂၀၁၈ ခုနှစ် အော်စကာဆုပေးပွဲဟာ အမျိုးသမီးများ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ ကျားမ ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်တဲ့ ပွဲဖြစ်ပြီး အမေရိကန် ရုပ်ရှင်လောမှာ အမျိုးသမီးတွေကို နေရာပေးနိုင်ဖို့ အခွင့်အရေး တစ်ရပ်ကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

 

"Lady Bird" ဇာတ်ကားကို ရိုက်ကူးသူ Greta Gerwig ဟာလည်း အော်စကာ ဆုပေးပွဲသမိုင်းမှာ အကောင်းဆုံး ဒါရိုက်တာဆုအတွက် အမည်စာရင်း တင်သွင်းခံခဲ့ရတဲ့ ငါးဦးမြောက် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ သူမအတွက်တော့ ဆုမရရှိခဲ့ပါဘူး။ ရိုက်ကူးရေး ပညာရှင်ဆုအတွက် အမည်တင်သွင်းခြင်းခံရတဲ့ "Mudbound" ဇာတ်ကားကို ရိုက်ကူးသူ Rachel Morrison ဟာ ပထမဆုံး အမျိုးသမီး ဖြစ်ပေမယ့် "Blade Runner 2049" ကိုရိုက်ကူးသူ Roger Deakins ကပဲ ဆုရရှိခဲ့ပါတယ်။

 

ဘာသာပြန် MDN

 

ကိုးကား AFP