ရန်ကုန် ၂၄ စက်တင်ဘာ 


အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်း ကန်တော့ပွဲပေး မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အောင်မြေရှိ ထီးတော်ရုံတန်ဆောင်း၌ ကျင်းပသည်။ 


အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်တော်မူကြသည်။


ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တာဝန်ရှိသူများ၊ အောင်ဆန်းရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ကြမည့် သရုပ်ဆောင်များနှင့် အခန်းကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ကြမည့်သူများက မြန်မာ့ရိုးရာထုံးတမ်းနှင့်အညီ ကန်တော့ပွဲပေးခဲ့ကြသည်။ 


သတင်းစဉ်

 

mdn