အောင်လံ၊ ၆ ဇန်နဝါရီ 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်သူဗဟိုပြုလုပ်ငန်းစီမံကိန်းများ အဆိုပြုတင်ပြနိုင်ရေးအတွက် အတည်ပြုရွေးချယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၆ ရက် နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ် ဦးအေးကျော်တို့က အမှာစကားပြောကြားပြီး စီမံကိန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ဦးက လုပ်ငန်းစီမံကိန်းများ ဦးစားပေးရွေးချယ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အောင်လံမြို့နယ်အနေ ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြင်ထိန်း ငွေကျပ်သန်း ၁၇၀၀ ၊ အစိုးရရန်ပုံငွေကျပ် 
 ၃၆၅ သန်း၊ လွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၁၀၀ ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်း(၉၈)ခုအား ကျပ် ၅၆၉၃ ဒသမ ၃၀၄ သန်း၊ ပြည်ထောင်စုသာမာန်(ပြင်ထိန်း) ရန်ပုံငွေဖြင့် လုပ်ငန်း(၁)ခုအား ကျပ် ၃ ဒသမ ၃၅၇ သန်း၊ တိုင်းဒေသကြီးငွေလုံး ငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်း(၂၁၅)ခုအား ကျပ် ၈၅၀၄ ဒသမ ၅၃၅ သန်း၊ တိုင်းဒေသကြီးသာမာန် (ပြင်ထိန်း) ရန်ပုံငွေဖြင့် လုပ်ငန်း(၄)ခုအား ကျပ် ၁၂၃ ဒသမ ၅၀၂ သန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လွှတ်တော်ကိုယ်စားများနှင့် ကော်မတီဝင်ဌာနများ၊ ကဏ္ဍတာဝန်ခံဌာနများမှ ကဏ္ဍတစ်ခုခြင်း အလိုက် ဦးစားပေးလုပ်ငန်းများကို ဆွေးနွေးအတည်ပြုရွေးချယ်ခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)