အောင်လံ ဇန်နဝါရီ ၂

 

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှစတင်၍ အားကစားနည်း (၁၁) နည်းအား ဆပ်ကော်မတီအသီးသီးမှ ပြိုင်ပွဲများအလိုက် ကျင်းပလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အားကစားပြိုင်ပွဲများမှာ ဖူဆယ်ပြိုင်ပွဲ U-15 ကလေးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ဖူဆယ်ပြိုင်ပွဲ၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စက်ဘီး၊ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ဘီလီယက်နှင့် စနူကာ၊ အပြေး မီတာ(၁၀၀၀၀)နှင့် ခေါင်းအုံးရိုက် ပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲများ ဆုရရှိသောအသင်းများအား ဇန်နဝါရီ ၄ ရက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)