အောင်လံ ဖေဖော်ဝါရီ ၁၇

 

မကွေးတိုင်းဒေသကြီး၊  အောင်လံမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက အထက(၁)ရွှေရတုခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ပြည်သူများက တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ခေါင်းဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ (CPU)အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ညီညီထွန်းက အဂတိလိုက်စားမှုအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အဂတိလိုက်စားမှုဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက်တို့အား ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် CPU အဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးသိန်းဇော်က အဂတိလိုက်စားမှုနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများ ဆက်စပ်ပတ်သက် ဆောင်ရွက်မှုများအား ဆွေးနွေးပြောကြားပြီး CPU အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးဆန်းဝင်းက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ပုဒ်မများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ယင်းနောက် CPU အဖွဲ့ဝင်အဖြစ်ကြသည့် ခရိုင်စာရင်းစစ်ရုံးမှ တာဝန်ခံလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြမြဝေက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကြောင်း၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူး ဦးသိန်းဦးက အခွန်ရှောင်ရှားခြင်း/တိမ်းရှောင်ခြင်းတို့သည် အဂတိလိုက်စားမှုဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စုံစမ်းရေးမှူး ဦးဖိုးဇော်က အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူ များက သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)