အောင်လံ ၄ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ပညာရေးဌာနနှင့် ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းနှင့် လူမှောင်ခို လူကုန်ကူးမှုခံရခြင်းများ လျော့နည်းစေရန်အတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အမှတ်(၁) အခြေခံအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးက အ မျိုးသမီးများ အကြမ်းဖက်ခံရမှု၊ လူမှောင်ခို လူကုန်ကူးမှုများနှင့် ပတ်သက်ပြီး ဖြစ်ပွားနိုင်မှု အခြေအနေများ၊ ရှောင်ရန် ဆောင်ရန် သတိပြုနေထိုင်သွားလာရန် အချက်များကို ပြောကြားသည်။
ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ကေသီချစ်လှိုင်က လူမှောင်ခို လူကုန်ကူးမှုခံရခြင်း အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များ ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်မှူးရုံးမှ ရဲအုပ်မျိုးဇော်ဦးက လူမှောင်ခို လူကုန်ကူးမှုများနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုများကို လည်းကောင်း ရှင်းလင်းဟောပြောခဲ့သည်။
သိန်းလွင်(အောင်လံ)