အောင်လံ ဇွန် ၁၇

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် အောင်လံခရိုင် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အောင်လံမြို့ အထက(၃) ရွှေရတု ခန်းမ၌ ကျင်းပသည်။

 

အမှာစကား ပြောကြား

 

ဦးစွာ အောင်လံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဌေးဌေးဝင်းက အမှာစကား ပြောကြားသည်။

 

ထို့နောက် မြို့နယ်ဥပဒေရုံး၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးမြင့်ဇံက “လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေအကြောင်း”၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က “ကလေး အလုပ်သမား ပပျောက်ရေး” ဆောင်ရန်၊ ရှောင်ရန်များနှင့် အောင်လံမြို့မရဲစခန်းမှ ဒုရဲမှူး သိန်းနိုင်က “လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး” အကြောင်းအရာများကို ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။

 

အာကာ(ပြန်/ဆက်)