အောင်လံ  ၁၀  ဖေဖော်ဝါရီ

 

၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အောင်လံမြို့နယ်လုံးဆိုင်ရာ လူထု စက်ဘီးစီးနင်းပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လူထုစက်ဘီးစီးနင်းပွဲကို ဇေယျဝတီရပ်ကွက် ပြည်လမ်းရှိ ရှင်မတောင်စက်ဘီးအပိုပစ္စည်း အရောင်းဆိုင်ရှေ့မှ စတင်တာလွှတ်၍ မြို့တစ်ပတ်စီးနင်းကာ တရော်ကုန်းရပ်ကွက် အောင်မြေရွှေဝါ အားကစားကွင်းတွင် ပန်းဝင်မည် ဖြစ်သည်။

 

စက်ဘီးစီးနင်းပွဲတွင် ပန်းဝင်သူများအားလုံးကို ကံစမ်းမဲဖောက်၍ ဆုချီးမြှင့်သွားမည်ဖြစ်ပြီး မည်သူမဆို ဘက်ထရီ စက်ဘီးမှလွဲ၍  မည်သည့်စက်ဘီးနှင့်ဖြစ်စေ ပါဝင်စီးနင်းနိုင်ပြီး စတင်တာလွှတ်မည့် စုရပ်သို့ နံနက် ၆ နာရီအရောက် စုရုံးကြပါရန်  တိုက်တွန်းနှိုးဆော်ထားကြောင်း Aunglan Cycling အဖွဲ့မှ သိရသည်။

 

အဆိုပါ လူထုစက်ဘီးစီးနင်းပွဲကို Aunglan Cycling Club မှ ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

သိန်းလွင်(အောင်လံ)