အောင်လံ ဖေဖော်ဝါရီ ၁၃

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြလို့မြင့် ကျေးရွာအုပ်စု၊ ဆည်ဆိုးတဲတိုက်ကျေးရွာ၌ အိမ်သွယ်ရေပိုက်လိုင်းသွယ်တန်းခြင်းဆောင်ရွက်နိုင်ရန် မြို့နယ်ရှိ အင်ဂျင်နီယာ ဝန်ထမ်းများမှ ပိုက်လိုင်းဒီဇိုင်းရေးဆွဲနိုင်ရေးအတွက် တိုင်းတာခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

 

ထိုသို့ ပိုက်လိုင်းဒီဇိုင်းရေးဆွဲနိုင်ရေးအတွက် တိုင်းတာရာတွင် အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီနှင့် မြို့နယ်ရှိ အင်ဂျင်နီယာဝန်ထမ်းများ၊ ကျေးရွာရေကော်မတီဝင်များ နှင့်အတူ ဆည်ဆိုးတဲတိုက်ကျေးရွာ၌ ဂါလန်(၅၀၀၀)ဆံ့အုတ်ရေကန် တည်ဆောက်ပြီး အဆိုပါအုတ်ရေကန်မှ တစ်ဆင့် အိမ်သွယ်ရေပိုက်လိုင်းသွယ်တန်းခြင်းဆောင်ရွက်နိုင်ရန် မြေအနိမ့်အမြင့်( Level Survey) တိုင်းတာခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီထံမှ သိရသည်။

 

အဆိုပါ ကျေးရွာတွင် အိမ်သွယ်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက ကျေးရွာအိမ်ခြေ ၅၂အိမ်၊ လူဦးရေ ၂၅၉ ဦးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိခြင်း၊ အချိန်ကုန်သက်သာ၍ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများ ယခင်က ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း သိရသည်။

 

ဖြူလေး