အောင်လံ ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် မြို့မစည်ပင်သာယာစျေး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၁၇ ရက်က အဆိုပါစျေးတွင် ဆောင်ရွက်ကြသည်။
အဆိုပါမီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်နေမှုများကို အောင်လံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင် ၉၅ ဦး၊ စည်ပင်သာယာရေးအဖွဲ့ ယာယီအမှုဆောင်အရာရှိနှင့် စည်ပင်ဝန်ထမ်း ၂၀၊ စျေးမီးဘေးတားဆီးရေးကော်မတီနှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ၂၀၊ စျေးသူ စျေးသား ၂၀ ခန့် တက်ရောက်ခဲ့ကြသည်။
မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာတွင် ယာယီအမှုဆောင်အရာရှိက စျေးတည်နေရာပြ မြေပုံဖြင့် ရှင်းလင်းတင်ပြပြီး မြို့နယ်မီးသတ်ဦးစီးမှူးက ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဆီမီးငြှိမ်းသတ်မှု၊ ဂက်စ်မီးငြှိမ်းသတ်မှု၊ မီးသတ်စခန်းအသီးသီးမှ မီးသတ်ယာဉ် ၁၀ စီးဖြင့် အရေးပေါ်ထွက်ခွာ၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကောင်းစစ်နိုင်


