အောင်လံ ၂၀  နိုဝင်ဘာ

 

သရက်ခရိုင် အောင်လံမြို့နယ် သံရွာကျေးရွာ ကွင်းအမှတ်(၇၈)၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို နိုဝင်ဘာ ၂၀ ရက် နံနက်(၈)နာရီခွဲက ဆောင်ရွက်ခဲ့ရာ တစ်ဧက (၉၄)တင်းနှုန်း ခန့်ထွက်ရှိကြောင်း သိရသည်။

 

ရှေးဦးစွာ တောင်သူဦးအေးငွေ၏ ဦးပိုင်အမှတ်(၉၃) ဧရာမင်းမျိုးစပါး (၅)ဧကစိုက်ခင်းကို စံကွက် ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း (၈၄.၆၄)တင်းနှုန်းထွက်ရှိပြီး တောင်သူ ဦးညိုမြ၏ ဦးပိုင် အမှတ်(၁၃၁) မှော်ဘီ−၂ မျိုးစပါး (၅)ဧက စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းရာ တစ်ဧက (၉၃.၉၆)နှုန်း ထွက်ရှိသည်။

 

ယင်းစံကွက် ရိတ်သိမ်းရာသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဝင်းသန်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သူ နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလှအောင်နှင့်ဝန်ထမ်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက် ကြကြောင်း သိရသည်။

 

သိန်းလွင်(အောင်လံ)