အောင်လံ ၁၅ ဇွန်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် သရက်တောကျေးရွာတွင် ကျေးရွာနေ ပြည်သူများ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ခွင့်ပြုရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း ၄၀ဝဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။
အဆိုပါ ကျေးရွာတွင် ကျေးရွာတွင်း ၄၀ဝဗို့ အားလိုင်းလျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ကိုအောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ခွင့်ပြုငွေကျပ် ၁၀သန်း ပံ့ပိုးပေးခဲ့ပြီး ကျေးရွာပြည်သူလူထုမှ ငွေကျပ် ၅ ဒဿမ ဝ၆၅၆သန်း စုစုပေါင်းငွေ ကျပ် ၁၀ ဒဿမ ဝ၆၅၆သန်းဖြင့် အရှည်ပေ ၃၅၂၀ ရှိ ၄၀ဝဗို့အားလိုင်းသွယ်တန်းခြင်း လုပ်ငန်းကို မတ်လအတွင်းက စတင်၍ ဆောင်ရွက်ခဲ့ရာယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
သရက်တောကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ၄၀ဝ ဗို့အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာရှိအိမ်ခြေ ၂၁၉အိမ် လူဦးရေ ၉၀၁ဦး တို့ ၂၄နာရီ လျှပ်စစ်မီးရရှိရေးအတွက် အကျိုးပြုသွားမည်ဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးက ပြောပြသည်။
ငြိမ်းသူ(စလင်း)


