အောင်လံ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်အတွင်းရှိ ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ သက်ဆိုင်ရာ Quarantine Centre များအလိုက် ဝင်ရောက်ကုသမှုခံယူခဲ့ကြသော Covid-19 Positive လူနာ(၉၄၅)ဦးတို့အား ကျွေးမွေးစရိတ်များ ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး Quarantine Centre များအလိုက် ဝင်ရောက်ကုသမှုခံယူခဲ့ကြသော Covid-19 Positive လူနာ(၉၄၅)ဦးတို့အား (၁)ရက်လျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပတ်စာအတွက် ကျွေးမွေးစရိတ် ကျပ်(၃၁၅၀၀) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)