အောင်လံ  ၆  အောက်တိုဘာ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ယမန်နေ့ည ၁၁ နာရီအချိန်ခန့်က ဥယျာဉ်ကျေးရွာအနီး ကြက်မွေးမြူရေး ခြံဟောင်းတစ်လုံးအား စည်းကမ်းမဲ့ဆေးလိပ်မီးပစ်ရာမှတစ်ဆင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှု ဖြစ်ပွားရာနေရာသို့ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်း ဦးစီးသော သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦးတို့မှ မီးငြိှမ်းသတ်ရေသယ်ယာဉ် တစ်စီး၊ CNJ မီးသတ်ရေသယ်ယာဉ် တစ်စီးနှင့် ရပ်ကွက်အရန်မီးသတ်စခန်းများမှ မီးသတ်ရေသယ်ယာဉ်(၂)စီး စုစုပေါင်း (၄)စီးတို့ဖြင့် အချိန်မီရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ  ၅၇ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် ဦးအောင်ကျော်မင်း ပိုင်ဆိုင်သည့် ဝါးကြမ်းခင်း၊ သက္ကယ်မိုး၊ ဝါးထရံကာ၊ ကြက်မွေးမြူထားခြင်း မရှိသည့် ကြက်မွေးမြူရေးခြံတစ်ခြံ အနည်းငယ်မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)