အောင်လံ                     စက်တင်ဘာ                 ၂၉

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်း ၍ အောင်လံမြို့နယ်၊ ကျောက်ပန်းတောင်းကျေးရွာအုပ်စု၊ စခန်းကြီးကျေးရွာ အရှေ့ဘက်ရှိ လက်ခုပ်ပင်ချောင်းတွင် ဖော‌ကား(အဖြူရောင်)တစ်စီး မျောပါမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါမော်တော်ယာဉ်မှာ အောင်လံမြို့နယ်မှ သမ္ဘူလကျေးရွာရှိ ကတ္တရာခင်းခြင်းလုပ်ငန်းခွင်သို့ သွားရောက်ခဲ့သည့် ယာဉ်ဖြစ်ပြီး ယာဉ်မောင်းမှာ ချောင်းရေများစွာ စီးဆင်းလာသည့်အတွက် ကားအား ခေတ္တရပ်နား၍ ချောင်းရေလွတ်ရာသို့ သွားရောက်စဉ် ၎င်းယာဉ်မှာ ရေစီးနှင့်မျောပါသွားခြင်း ဖြစ်သည်။ မျောပါသွားသောယာဉ်အား စခန်းကြီးကျေးရွာအနီးရှိ ဘွက်ကြီးချောင်းတွင် တွေ့ရှိဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)