အောင်လံ မတ် ၁၈
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်း စပါးထုတ်လုပ်မှုမြင့်မားစေရန်နှင့် တောင်သူများ စိုက်ပျိုးစရိတ်သက်သာစေရန် ရည်ရွယ်၍ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးမှု ပညာပေးသရုပ်ပြစံပြကွက် စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက သံရွာကျေးရွာ၌ ပြုလုပ်သည်။
အဆိုပါ ပညာပေးစံပြကွက်ကို အောင်လံမြို့နယ် သံရွာကျေးရွာမှ တောင်သူ ဦးဝင်းမောင်ကြီး အပါအဝင် တောင်သူငါးဦး၏ စိုက်ဧက ခြောက်ဧကပေါ်တွင် ဆောင်ရွက်ခြင်းဖြစ်ပြီး အောင်နိုင်တိုးစပါးမျိုးကို လက်ဆွဲကောက်စိုက်စက်ဖြင့် စနစ်တကျ စိုက်ပျိုးပြသခဲ့သည်။
ထိုသို့ စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ဆွဲကောက်စိုက်စက် အသုံးပြုခြင်းဖြင့် လုပ်သားရှားပါးမှုအခက်အခဲကို ကျော်လွှားနိုင်ခြင်း၊ စိုက်ကြိမ်စိုက်နှုန်း မှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းမွန်ခြင်းနှင့် စိုက်ပျိုးစရိတ်သက်သာခြင်းစသည့် အကျိုးကျေးဇူးများကို တောင်သူများအား လက်တွေ့ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
မျိုးသန်း(ပြန်/ဆက်)


