အောင်လံ ၊ နိုဝင်ဘာ ၃

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လက်သမားပန်းရံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လက်သမားပန်းရံသင်တန်းကို သင်တန်းသား (၂၀)ဦးအား နိုဝင်ဘာလ(၂)ရက်နေ့မှ (၁၅)ရက်နေ့အထိ ရက်သတ္တပတ်(၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

 

 

မျိုးသိန်း(ပြန်/ဆက်)