mdn

အောင်လံ ၁၆ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ရွာထောင်ကျေးရွာ၌ ယနေ့နံနက်ပိုင်းက လျှပ်စစ်မီးလုံးဖြင့် ကြက်သားပေါက်အပူပေးရာမှ ကြက်မွေးမြူရေးခြံများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် နာရီ မိနစ် ၂၀ ခန့်က အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက်၊ ပညာတန်ဆောင်ရပ်ရှိ ဦးစန်းလွင် (၅၉)နှစ်၏ ကြက်မွေးမြူရေးခြံတွင် လျှပ်စစ်မီးလုံးဖြင့် ကြက်သားပေါက်အပူပေးရာမှ အပူလွန်ကဲကာ ဖွဲနုများမှတစ်ဆင့် ဝါးကြမ်းခင်းသို့ မီးစွဲလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

 

မီးလောင်ကျွမ်းရာနေရာသို့ အောင်လံမြို့နယ် မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်း ဦးဆောင်သည့် မီးသတ်သန္ဓေတပ်ဖွဲ့ဝင် ၂၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ၅၀ ဦးတို့မှ ရပ်ကွက်မှ မီးသတ်ကားများဖြင့် စုပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် နာရီခွဲတွင် မီးငြိမ်းခဲ့ပြီး ကြက်ခြံ ခြံ၊ ဝက်ခြံတစ်ခြံ၊ လူနေတဲနှစ်လုံး၊ ဆိုင်ကယ်တစ်စီးနှင့် ကြက်အကောင်ရေ ၃၅၅၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

 

မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် ဦးစန်းဦးအား အောင်လံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)

mdn