မကွေး ၁၃ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက အာရှဖွံ့ဖြိုး ရေးဘဏ် (ADB) ထောက်ပံ့မှုနှင့် ရာသီဥတုလိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွား လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံကိန်း (CFAVC)ဖြင့် သံချိတ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း၊ Box- Culvert တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းများကို ဇူလိုင်လ စတုတ္ထအပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းပြီးစီးမှုမှာ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ရာသီဥတုလိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံကိန်း CFAVC စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် သံချိတ်ကျေးရွာတွင် လမ်းအရှည်ပေ ၂ မိုင်၊ အကျယ် ၁၂ ပေ၊  ထု  ၉ လက်မရှိ ကုန်ထုတ် လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း၊ ယင်းလမ်းပေါ်တွင် Box-culvert (၄)စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေကျော် (၁)စင်းတည်ဆောက်ခြင်း လုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် မုဒုံ မောင်မောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်းနှင့် အဆိုပါသံချိတ်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက သံချိတ်ကျေးရွာရှိ တောင်သူများ ၏ လယ်ဧက ၈၀၀ ကျော်မှ ထွက်ကုန်များကို ဈေးကွက်သို့ အချိန်တိုအတွင်း လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးထံမှ သိရသည်။

ဇော်မင်းဌေး