အောင်လံ မတ် ၁၇
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် လျှပ်စစ်မီးပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ပေါ်နှင့် ကျေးရွာအုပ်စုအတွင်း လူနေထူထပ်သည့် ရပ်ကွက်များ၊ ကျေးရွာလူနေအိမ်များကို ဦးစားပေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေဇော်၊ အဖွဲ့ဝင်(၂) ဦးတင်ထွန်းတာ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်းနှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်၊ လမ်းဦးစီးဌာန၊ လျှပ်စစ်ဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မီးဘေးလုံခြုံရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ရာတွင် စနစ်တကျ အောင်မြင်မှုရှိစေရန်အတွက် ကွင်းဆင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုခန့်


