အောင်လံ မတ် ၃
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များ ဗဟုသုတအတွေ့အကြုံသစ်များရရှိစေရန် ရည်ရွယ်၍ နွေရာသီသင်တန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်မြေရွှေဝါအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားတွင် အောင်လံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အမှာစကားပြောကြားပြီး အထက(၁) ဘင်ခရာနှင့် ပန်းဖွားအဖွဲ့များက “ရွှေမြန်မာ”သီချင်းဖြင့်၊ အထက(ရွာထောင်) ဘင်ခရာနှင့် ပန်းဖွားအဖွဲ့များက “တောင်ယာဝင်ချိန်” သီချင်း၊ အထက(ရွာထောင်)နှင့် အထက(ခွဲ)(ရေပေါ်) ကျောင်းသား ကျောင်းသူများက Fitness Exercise လေ့ကျင့်ခန်းများဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါနွေရာသီသင်တန်းများတွင် ဘင်ခရာ၊ ပန်းဖွား၊ ကင်းထောက်၊ Fitness Exercise၊ ကဗျာလွတ်အက၊ ယဉ်ကျေးလိမ္မာ၊ ပန်းချီ၊ ဂီတ (ပလွေ)၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် အိမ်တွင်းမှုသင်တန်း အစရှိသည့် ဘာသာရပ်စုံလင်စွာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


