အောင်လံ နိုဝင်ဘာ ၁၀

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် Oxygen   Plant စက်ရုံတည်ဆောက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်က အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် Oxygen Plant စက်ရုံတည်ဆောက်မည်ဖြစ်ရာ ကြီးကြပ်မှု ကော်မတီနှင့်ဆပ်ကော်မတီများဖွဲ့စည်းထားပြီး အဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအနေဖြင့် အရည်အသွေးအကာင်းမွန်သော အဆောက်အဦဖြစ်ရေး ဝိုင်းဝန်းပူးပေါင်း အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး တက်ရောက်လာသူများ၏ ဆွေးနွေးအကြံပြုချက်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)