အောင်လံ ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ရူပဗေဒဘာသာရပ်ကို အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန ရှစ်ခု၌ ဧပြီ ၅ ရက် နံနက်ပိုင်းက ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၅၃ ဦး အေးချမ်းစွာ ဖြေဆိုခဲ့သည်။
အောင်လံမြို့နယ်ရှိ စာစစ်ဌာ ရှစ်ခုတွင် စာရင်းရှိ ၁၀၅၃ ဦးအနက် ၉၇၆ ဦး ဝင်ရောက်ဖြေဆိုပြီး ၇၇ ဦး ပျက်ကွက်ခဲ့ကာ ဖြေဆိုမှုရာခိုင်နှုန်း ၉၂ ဒသမ ၆၉ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးသိန်း(ပြန်/ဆက်)