အောင်လံ ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ဇွန် ၂ ရက်မှ စတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၃၄၄၁၇ ဦး ဘေးကင်းလုံခြုံစွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အောင်လံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၃ ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ၃၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၄၅ ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း (ခွဲ) ၄၀၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၄၁ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၇၆ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းခွဲ ခြောက်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သုံးကျောင်း စုစုပေါင်း ၂၅၆ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၃၄၄၁၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)