အောင်လံ ၁၉ မေ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် မေ ၁၈ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်မှ (၃)နာရီ ခန့်အထိ တိုက်ခတ်သောလေပြင်းကြောင့် ကျေးရွာအချို့ရှိ နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအချို့ အမိုးလန်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

 

50

 

ယင်းလေပြင်းတိုက်ခတ်မှုကြောင့် အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေအိမ် ၂၃ လုံး ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်း နှစ်ကျောင်းနှင့် စာသင်ကျောင်း နှစ်ကျောင်း အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။ 

 

 အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု(၁၅)စုမှ လူဦးရေ ၉၅ ဉီး လေဘေးသင့်ခံရပြီး ထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။ အဆိုပါ  လေဘေးသင့်ခံရသူများအား နီးစပ်ရာ ဆွေမျိုးများ နေအိမ်တွင် ခေတ္တယာယီနေရာချပေးထားပြီး သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လေဘေးသင့်နေအိမ်များအား ပြင်ဆင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ရရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သိန်းလွင်(အောင်လံ)