အောင်လံ ၁၂ မေ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် မေလ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
ယင်းလေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ဇေယျာကျေးရွာ၊ ညောင်ပင်ဆိပ်ကျေးရွာ၊ သရက်တောကျေးရွာ၊ ကာမလေးကျေးရွာတို့တွင် နေအိမ်(၂၃)လုံး အမိုးလန်ခြင်းများဖြစ်ပေါ်ခဲ့ရာ လေဘေးသင့် အိမ်ထောင်စု(၂၃)စု၊ လူဦးရေစုစုပေါင်း(၈၁)ဦးတို့ လေဘေးသင့်ခံခဲ့ရပြီး လူနှင့်တိရစာ္ဆန်ထိခိုက်မှုမရှိကြောင်းနှင့် လေဘေးသင့်ခံရသူများအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တယာယီနေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ အစီအမံများဖြင့် ဆောင်ရွက်စေကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ထောက်ပံ့မှုများရရှိရေးအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်ဆက်)


