အောင်လံ    ၂၅      ဧပြီ

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ    ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း၌ အခြေခံစားသောက်ကုန်များ ရောင်းဝယ်ရာတွင် အခက်အခဲများ မရှိစေရေးနှင့် လူစုလူဝေးများ မဖြစ်ပေါ်စေရေးတို့အတွက် ယာယီဈေးသစ်ကို ဧပြီလ(၂၅)ရက်နေ့ နံနက်(၃)နာရီက အထက(၂)ကျောင်း ဘောလုံးကွင်း အတွင်း၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ယင်း ယာယီဈေးကို နေ့စဉ် နံနက်(၃)နာရီမှ (၉)နာရီအထိ ဖွင့်လှစ်မည်ဖြစ်ပြီး စနစ်တကျ ရောင်းဝယ်နိုင်ရေးအတွက် ခြောက်ပေပတ်လည် အကွက်များ သတ်မှတ်ပေးထားကာ၊    အသား/ငါး၊ ကုန်စိမ်း/ကုန်ခြောက်နှင့် ဘုရာပန်းဈေးသည်များ ရောင်းချရန်နေရာ၊ စက်ဘီး ဆိုင်ကယ်အပ်ရန်နေရာ၊  ယာယီကုန်ပစ္စည်းထားမည့်နေရာ၊ ယာဉ်အဝင်အထွက်နေရာ၊ အပေါ့အလေးစွန့်ရမည့်နေရာ၊ အမှိုက်စွန့်ရမည်နေရာများကို စနစ်တကျ စီစဉ်ထားရှိကြောင်း သိရသည်။

 

ထို့ပြင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ မြို့နယ်အဆင့်ကိုဗစ်-၁၉ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေးကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာမျိုးလွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် အမှုဆောင်အရာရှိ ဦးမြလင်းတို့သည် ကုန်လက္ကားတင်သွင်းသူများနှင့် တွေ့ဆုံပြီး ကုန်စည်ကူးသန်းဖြန့်ဖြူးရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သိန်းလွင်(အောင်လံ)