မန္တလေး၊ ၂၇ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား အလှူငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ဒီဇင်ဘာ ၂၇ နံနက်ပိုင်းက ပြည်လုံးချမ်းသာရပ်ကွက်၌ ပြုလုပ်ခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်ကိုထွေး မိသားစုက မိခင်ကြီးအားအမှူးထား၍ မွေးနေ့အလှူအဖြစ် ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၂၀၀)အတွက် တစ်အိမ်ထောင်လျှင် အလှူငွေကျပ် ၅၀၀၀ ၊ ဆန် (၃)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ခေါက်ဆွဲခြောက်အထုပ်ကြီး တစ်ထုပ်၊ ငါးခြောက် (၃၀)ကျပ်သား၊ ဆားတစ်ထုပ်စီတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ထောက်ပံ့လှူဒါန်းခဲ့သည်။
ဇော်လင်းဦး (ပြန်/ဆက်)


