မန္တလေး   အောက်တိုဘာ   ၂၆


မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် စုရပ်နေရာများတွင် ဖြန့်ဝေပေးခဲ့သည်။

 

mdn


လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အောင်မြေသာစံမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်စိုးနှင့်ဝန်ထမ်းများက အောင်မြေသာစံမြို့နယ်ရှိ ဆေးထိုးစုရပ်နေရာများဖြစ်သော ဒေါနဘွားရပ်ကွက်ရှိ မုန်တိုင်ဓမ္မာရုံ၊ အမရဌာနီအရှေ့ရပ်ကွက်ရှိ ဒေါ်ဖီဓမ္မာရုံ၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ကိုးခန်းဓမ္မာရုံ၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ ရွှေကျီးမြင်ဘုရားရှိ ရွှေကျီးနားဓမ္မာရုံ၊ အမရဌာနီအရှေ့ရပ်ကွက်ရှိ ထားဝယ်ဓမ္မာရုံတို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးလာ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူများ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေး ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင် အစောင် ၄၅၀ အား ဖြန့်ဝေ ပေးခဲ့‌ကြောင်း သိရသည်။

 

ဇော်လင်းဦး(အောင်စံ)