မန္တလေး   ၁၀  ဇန်နဝါရီ


အောင်မြေသာစံမြို့နယ်တွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွား(၉၀ဝ)ကျော်အတွက် လူမှုရေးပင်စင်ငွေများ ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး (အောင်မြေသာစံမြို့နယ် Case Manager) ဦးစိုးမြင့်ဇော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်ဖြစ်သော အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလစာအတွက် အောင်မြေသာစံမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် အဘိုးအဘွား(၉၃၀)အတွက် လူမှုရေးပင်စင်ငွေများကို တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် ၂၇၉ သိန်းအား အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်အား ပေးအပ်သည်။

ထို့နောက် ၎င်းငွေ ၂၇၉ သိန်းထဲမှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်က ဉပုသ်တော်ရပ်ကွက်အတွင်းရှိ အဘိုးအဘွား (၆၁)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် ၁၈ သိန်းသုံးသောင်းအား ဉပုသ်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်အား ပေးအပ်သည်။

 

‌ေ

 

အဆိုပါအခမ်းအနားသို့  မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်၊ အောင်မြေ သာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးမြင့်ဇော်၊ ဉပုသ်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)