မန္တလေး စက်တင်ဘာ ၂၀

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ယနေ့နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးကြသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ထိုးနှံပေးကြပြီး ဆေးထိုးစုရပ်နေရာများဖြစ်သေ ာဒေါနဘွားရပ်ကွက် မုန်တိုင်ဓမ္မာရုံ၌ (၂၂၈)ဦး၊ အမရဌာနီအရှေ့ရပ်ကွက် ဒေါ်ဖီဓမ္မာရုံ၌ (၁၈၂)ဦး၊ ပြည်ကြီးရန်လုံရပ်ကွက် ကိုးခန်းဓမ္မာရုံ၌ (၁၉၉)ဦး၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ရွှေကျီးမြင်ဘုရားရှိ ရွှေကျီးနားဓမ္မာရုံ၌ (၂၀၀)ဦး၊ အမရဌာနီအရှေ့ရပ်ကွက်ရှိ ထားဝယ်ဓမ္မာရုံ၌ (၃၃၂)ဦး၊ စုစုပေါင်း(၁၁၄၁)ဦးတို့ကို ဒုတိယအကြိမ်မြောက်အဖြစ် ကာကွယ်ဆေးထိုးနှံပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်းကတ်ပြားများကိုလည်း တာဝန်ရှိသူများက တစ်ပါတည်းပေးအပ်ကြသည်။

အဆိုပါ ကာကွယ်ဆေးများထိုးပေးရာသို့ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှဦးစီးမှူးများ၊ သက်ဆိုင်ရာရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ဇော်လင်းဦး  (အောင်စံ)