မန္တလေး  ၇  နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တွင် မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ယနေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးရဲမင်းအောင်၊ ခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဦးစန်းမောင်၊ အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇင်မြင့်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များက မဲရုံများပြင်ဆင်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် မဲရုံစုစုပေါင်း (၉၂)ရုံရှိပြီး မဲဆန္ဒရှင်စုစုပေါင်း (၁၈၆၃၂၃)ဦးနှင့် ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင် စုစုပေါင်း(၁၁၄၂)ဦးရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)