နေပြည်တော် မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် ငွေကျပ်သိန်း ၆,၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၇ ရက် နံနက် ၆ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၆၂ လမ်းနှင့် ၆၁ လမ်းကြား၊ ၁၀ လမ်းရှိ မန္တလေး-ကချင်ပြည်နယ် ပြေးဆွဲသည့် ဒေါနဘွားကားဝင်းတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ရန်ပိန်းတာ(ခ)အားချိန် မောင်းနှင်၍ တွမ်ကွမ်းဆေ(ခ)အားဆေ လိုက်ပါလာသည့် LAND CRUISER မော်တော်ယာဉ်ရောက်ရှိလာပြီး ယန်ပိန်ဟောက်(ခ) ထွန်းစောအောင်၊ ခင်လေးမြိုင်(ခ)မနွယ်နှင့် မကြည်ဝင်း တို့က ယာဉ်ပေါ်ပါ ဆာလာအိတ်များ လွဲပြောင်း/ လက်ခံ ဆောင်ရွက်နေစဉ် ထိန်းသိမ်းရှာဖွေခဲ့ရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆,၆၀၀ တန်ဖိုးရှိ ဆပ်ပြာခွက် ၂,၆၄၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်