မန္တလေး အောက်တိုဘာ ၁၁

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဒေါနဘွားရပ်ကွက်၊ အကွက်(၄၅)၊ ၁၉လမ်းနှင့် ၅၉လမ်းထောင့်ရှိ မုန်တိုင်ဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဒေါနဘွားရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ်အောက် ကျား(၂) ဦး၊ အသက်(၁၈)နှစ်အထက် ကျား(၁၂)ဦး၊ မ(၁၅)ဦး၊ စုစုပေါင်း(၂၉)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေး ဆောင်ရွက်ပေးနေသော ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးကြကြောင်း သိရသည်။ 

ဇော်လင်းဦး(အောင်စံ)