မန္တလေး  ၁၂  ဇွန်

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်တွင် ယနေ့ညနေ ၄ နာရီခွဲခန့်က ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

5589

 

ဖြစ်စဉ်မှာ ပုလဲငွေရောင်ရပ်ကွက် ၁၉ လမ်းနှင့် ၂၀ လမ်းကြား၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ ဒေါ်အေးမိစံ ပိုင်ဆိုင်သောနေအိမ်မှ ယနေ့ ညနေ ၄ နာရီခွဲခန့်က ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

5101

 

မီးလောင်ရာသို့ မြို့နယ်မီးသတ်ယာဉ်များနှင့် တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် လျှပ်စစ်မီးအား ပေါ့ဆစွာသုံးစွဲသူ ဒေါ်အေးမိစံအား အမှတ်(၅)မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)