ဂန့်ဂေါ ၁ နိုဝင်ဘာ
အောင်မြင်(ဂန့်ဂေါ) - အိုက္ကားလမ်း (ဂန့်ဂေါမြို့နယ်လမ်းပိုင်း) အဆင့်မြှင့်တင် ဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၃၁ ရက် နံနက်က ဂန့်ဂေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် Oriental Consultant Global Co.,Ltd ၏ Road Engineer ဦးခင်ဇော် က အမှာစကားပြောကြား၍ Oriental Consultant Global Co.,Ltd ၏ Deputy Leader က ဆောင်ရွက်မည့် လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးတို့နှင့် တက်ရောက်လာကြသူများက သဘောထား အမြင်များကို တင်ပြမေးမြန်း ဆွေးနွေး အကြံပြုကြသည်။
အဆိုပါလမ်းကို ယခုနှစ်အတွင်း မိုင်တိုင်အမှတ် ၅/၅ မှ ၁၃/၂ အတွင်း အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဟု သိရသည်။
ထင်အောင်နိုင် (ပြန်ဆက်)


