မင်္ဂလာဒုံ ၈ ဇွန်
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းရှိ ကားဂိတ်များ၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်အသုံးပြုသူများ သိရှိလိုက်နာစေရန် ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ အချက်များ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မေ ၂၆ ရက်က ပြဋ္ဌာန်းခဲ့သော မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေအသစ်တွင် ယာဉ်အသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များပါဝင်ပြီး ယာဉ်အသုံးပြုသူများအနေဖြင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေပါ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကျင့်သုံးရန် ဆောင်ရွက်ခြင်းဖြစ် ကြောင်း အမှတ်(၆၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်သန်းထွန်းက ပြောသည်။
အဆိုပါ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင် အမှတ်(၆၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် သန်းထွန်းနှင့်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်ငြိမ်း (ပြန်/ဆက်)


